ကျွန်တော်က မှတ်ညဏ်အရမ်းကောင်းတဲ့သူမဟုတ်ပါဘူး၊၊ ဒါပေမဲ့ အမြဲ ကောင်းလာအောင် ကြိုးစားပီး လေ့ကျင့်ပါတယ်။ မှတ်ဉာဏ်ကောင်းမွန်ဖိုဆိုတာ ကျွန်တော်တိုရဲ့ နေ့စဉ်နေထိုင်မှုပုံစံနဲ့ အလေ့အကျင့်တွေအပေါ်မှာ ပိုပြီးတော့ မူတည်ပါတယ်။ မှတ်ဉာဏ်ကို သိသိသာသာ တိုးတက်ကောင်းမွန်စေမယ့် ပထမဆုံး အခြေခံအကျဆုံးအချက်ကတော့ အိပ်ရေးဝဝအိပ်စက်ခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို အိပ်ပျော်နေတဲ့အချိန်မှာ ဦးနှောက်က တစ်နေ့တာ သင်ယူခဲ့သမျှတွေကို ပြန်လည်စုစည်းပြီး မှတ်ဉာဏ်အဖြစ် ပြောင်းလဲပေးတာကြောင့် တစ်နေ့ကို ၇ နာရီကနေ ၉ နာရီအထိ အိပ်ချိန်မှန်ဖို လိုအပ်ပါတယ်။
ဒုတိယအချက်အနေနဲ့ ဦးနှောက်ကို အမြဲအလုပ်ပေးနေဖို လိုပါတယ်။ စာဖတ်တာ၊ ပဟေဠိဖြေတာ ဒါမှမဟုတ် ဘာသာစကားအသစ် တစ်ခုခုကို သင်ယူတာမျိုးတွေက ဦးနှောက်ဆဲလ်တွေကြားက ဆက်သွယ်မှုကို အားကောင်းစေပြီး မှတ်ဉာဏ်ကို ပိုမိုထက်မြက်စေပါတယ်။
ခန္ဓာကိုယ် လှုပ်ရှားမှုကလည်း ဦးနှောက်ရဲ့ လုပ်ဆောင်ချက်နဲ့ တိုက်ရိုက်ဆက်စပ်နေတာကြောင့် တတိယအချက်အနေနဲ့ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးသင့်ပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းက ဦးနှောက်ဆီကို သွေးလည်ပတ်မှု ကောင်းမွန်စေပြီး မှတ်ဉာဏ်ပိုင်းဆိုင်ရာ အစိတ်အပိုင်းတွေကို ကြီးထွားစေပါတယ်။
စတုတ္ထအချက်ကတော့ အာဟာရပြည့်ဝအောင် စားသုံးခြင်း ဖြစ်ပြီး အထူးသဖြင့် omega-၃ ပါဝင်တဲ့ ငါးတွေ၊ အခွံမာသီးတွေနဲ့ အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေက ဦးနှောက်စွမ်းဆောင်ရည်ကို မြှင့်တင်ပေးပါတယ်။
နောက်ဆုံးအချက်အနေနဲ့ တရားထိုင်ခြင်းနဲ့ စိတ်ဖိစီးမှုကို လျှော့ချခြင်း က အလွန်အရေးကြီးပါတယ်။ စိတ်ဖိစီးမှုဟာ မှတ်ဉာဏ်ကို ပျက်စီးစေတဲ့ အဓိကရန်သူဖြစ်တာကြောင့် တရားထိုင်ခြင်းက အာရုံစူးစိုက်မှုကို ကောင်းမွန်စေမှာပါ။ #learning #memory #studytips #productivity
