စာမေးပွဲနီးလာတဲ့အခါ ယုံကြည်မှုလျော့နည်းရတဲ့ အကြောင်းရင်းတွေထဲမှာ ခက်ခဲတဲ့မေးခွန်းတွေကို ကြောက်ရွံတာနဲ့ တခြားသူတွေနဲ့ လိုက်လံနှိင်းယှဉ်ပြီး အားငယ်နေတာတွေက အဓိကကျပါတယ်။ တကယ်တော့ ဘယ်သူမှ ကိုယ့်ထက် သာလွန်နေတာမဟုတ်ဘဲ လူတိုင်းမှာ ကိုယ်စီစိန်ခေါ်မှုတွေ ရှိကြတာကြောင့် တခြားသူတွေနဲ့ နှိင်းယှဉ်မယ့်အစား မနေ့ကထက် ဒီနေ့ ပိုသိအောင်ကြိုးစားပြီး စိတ်ကို အေးအေးထားဖိုက အရေးကြီးဆုံးပါပဲ။ မိမိကိုယ်ကိုယ် အားမလိုအားမရဖြစ်နေမယ့်အစား ခက်ခဲတဲ့အပိုင်းတွေကို အစိတ်စိတ်အမြွှာမြွှာခွဲပြီး တစ်ဆင့်ချင်းစီ ဖြေရှင်းသွားမယ်ဆိုရင် ယုံကြည်မှုဟာ တဖြည်းဖြည်း ပြန်လည်တိုးတက်လာမှာ ဖြစ်ပါတယ်။
တိကျတဲ့ အစီအစဉ်မရှိဘဲ စာကျက်နေတာဟာ အချိန်တွေကို ဖြုန်းတီးပစ်သလို ဖြစ်စေပြီး အရင်သင်ခန်းစာတွေကိုပါ အလွယ်တကူ မေ့လျော့သွားစေနိုင်ပါတယ်။ ဒါကြောင့် အခုအချိန်မှာ Proper Study Plan တစ်ခုကို အမြန်ဆုံးဆွဲပြီး သင်ခန်းစာဟောင်းတွေကိုပါ ပုံမှန်ပြန်နွှေးပေးဖို လိုအပ်ပါတယ်။ ဒါ့အပြင် Past Papers တွေကို လေ့ကျင့်တဲ့အခါ အချိန်ကန့်သတ်ချက်မထားဘဲ လုပ်ဆောင်တာက စာမေးပွဲခန်းထဲမှာ အချိန်မလောက်တာမျိုး ဖြစ်စေနိုင်တာကြောင့် Timer ပေးပြီး စနစ်တကျ လေ့ကျင့်တဲ့ အလေ့အကျင့်ကို အခုကတည်းက စတင်သင့်ပါတယ်။
နောက်ဆုံးအနေနဲ့ အရင်စစ်ထားတဲ့ test တွေက အမှားတွေကို ပြန်မကြည့်မိတာကလည်း ယုံကြည်မှုကို လျော့နည်းစေတဲ့ အချက်တစ်ချက်ပါ။ အမှားဟောင်းတွေကို ပြန်လည်ဆန်းစစ်ပြီး ဘာကြောင့်မှားတယ်ဆိုတာကို သေချာနားလည်အောင် လုပ်ဆောင်ထားမှသာ စာမေးပွဲမှာ အလားတူအမှားမျိုး မဖြစ်အောင် ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ ဒီလို စိတ်ပိုင်းဆိုင်ရာရော နည်းစနစ်ပိုင်းဆိုင်ရာမှာပါ စနစ်တကျ ပြင်ဆင်မှုတွေနဲ့သာ စိုးရိမ်စိတ်တွေကို ကျော်ဖြတ်ပြီး စာမေးပွဲမှာ အကောင်းဆုံး ရလဒ်တွေကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။IGCSE exam preparation classes အကြောင်းအသေးစိတ် စုံစမ်းလိုပါက page messenger မှာအသေးစိတ်လာရောက်မေးမြန်းလိုရပါတယ် ။ #igcse #examparation #studytips #trphillips #notes
