IGCSE LanThit logoIGCSE LanThit
← Study Tips

သင်ယူမှုနှုန်းကို၄ဆမြှင့်ချင်ရင် ဒီစာအုပ်ကိုဖတ်ပါ

ဒီနေ့မှာတော့ ကျောင်းစာတွေကို ထိထိရောက်ရောက်နဲ့ မြန်မြန်ဆန်ဆန် လေ့လာချင်တဲ့ ကျောင်းသားတွေအတွက် အရမ်းကို အသုံးဝင်တဲ့ "Ultralearning" ဆိုတဲ့ စာအုပ်အကြောင်းကို ဝေမျှပေးချင်ပါတယ်။ ဒီစာအုပ်ကို ရေးသားသူကတော့ Scott H. Young ဖြစ်ပါတယ်။ သူဟာ ပညာရေးနဲ့ သင်ယူမှုနည်းစနစ်တွေမှာ တကယ်ကို နာမည်ကြီးတဲ့ ပညာရှင်တစ်ယောက်ပါ။ သူ့ရဲ့ အံ့ဩစရာအကောင်းဆုံး အောင်မြင်မှုတွေကတော့ MIT တက္ကသိုလ်ရဲ့ (၄) နှစ်စာ ကွန်ပျူတာသိပ္ပံ သင်ရိုးညွှန်းတမ်းတွေကို ကျောင်းမတက်ဘဲ အိမ်မှာတင် (၁) နှစ်တည်းနဲ့ အပြတ်ဖြတ်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒါတင်မကသေးဘဲ အင်္ဂလိပ်စာ လုံးဝမသုံးဘဲ တစ်နှစ်အတွင်း နိုင်ငံခြားဘာသာစကား (၄) မျိုးကိုလည်း ကျွမ်းကျင်အောင် သင်ယူခဲ့သူပါ။

ဒီစာအုပ်မှာ ဖော်ပြထားတဲ့ "Ultralearning" ဆိုတာကတော့ ခက်ခဲတဲ့ ဘာသာရပ်တွေကို ကိုယ့်ဘာသာကိုယ် အားသွန်ခွန်စိုက်ပြီး အချိန်တိုအတွင်း တတ်မြောက်အောင် လေ့လာတဲ့ နည်းဗျူဟာတစ်ခုဖြစ်ပါတယ်။ စာအုပ်ထဲမှာ သင်ယူမှုပိုမိုမြန်ဆန်စေဖို အဓိက အခြေခံမူ (၉) ချက်ကို စနစ်တကျ ရှင်းပြထားပါတယ်။ ဥပမာအနေနဲ့ ပြောရရင် စာမကျက်ခင် ဘာသာရပ်တစ်ခုကို ဘယ်လိုလေ့လာရမလဲဆိုတဲ့ နည်းတွေ စာအုပ်ထဲမှာပဲ ဖတ်နေမယ့်အစား လက်တွေ့ပုစ္ဆာတွေ တွက်တာ ဒါမှမဟုတ် စကားပြောတာမျိုးကို တိုက်ရိုက်လေ့ကျင့်တာ ၊ ပြီးတော့ ဖတ်ပြီးသားကို ထပ်ခါတလဲလဲ ပြန်ဖတ်မယ့်အစား ကိုယ့်ဘာသာ မေးခွန်းပြန်မေးပြီး (Retrieval) လုပ်တာစတဲ့ နည်းလမ်းကောင်းတွေ ပါဝင်ပါတယ်။ ဒီနည်းလမ်းတွေက ကျောင်းသားတွေကို စာကျက်တဲ့နေရာမှာ ပိုပြီး ထိရောက်စေရုံတင်မကဘဲ အသိပညာတွေကို မှတ်ဉာဏ်ထဲမှာ ရေရှည်စွဲမြဲစေမှာပါ။ #trphillips #IGCSE #learning #Ultralearning