IGCSE LanThit logoIGCSE LanThit
← Exam Guides

Exam season မှာကျောင်းသားတွေ ကြုံရတဲ့ ပြသနာ (၅)ခု

စာမေးပွဲကာလ ဟာ ကျောင်းသားတိုင်းအတွက် စိန်ခေါ်မှုတွေနဲ့ ပြည့်နှက်နေတဲ့ အချိန်တစ်ခုဖြစ်ပြီး စာကျက်ရုံတင်မကဘဲ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာမှာပါ အခက်အခဲများစွာကို ရင်ဆိုင်ကြရပါတယ်။ ပထမဆုံး အဖြစ်များဆုံး ပြဿနာကတော့ ပြင်းထန်တဲ့ စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှု တွေ ဖြစ်ပါတယ်။ စာမေးပွဲမှာ အမှတ်ကောင်းပါ့မလား၊ အချိန်မီ စာပြီးပါ့မလားဆိုတဲ့ စိုးရိမ်စိတ်တွေကြောင့် စိတ်ဓာတ်ကျတာ ဒါမှမဟုတ် စိတ်လှုပ်ရှားလွန်းပြီး စာမဝင်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒုတိယအချက်အနေနဲ့ (Sleep Deprivation) လိုခေါ်တဲ့ အိပ်ရေးပျက်ခြင်းနဲ့ ပင်ပန်းနွမ်းနယ်ခြင်း ကို ကြုံတွေ့ရပါတယ်။ စာတွေကို အကုန်ပြီးချင်တာကြောင့် ညဖက်တွေ အိပ်ရေးပျက်ခံ စာကျက်တဲ့အခါ နောက်ရက်မှာ ဦးနှောက်က ကောင်းကောင်း အလုပ်မလုပ်တော့ဘဲ မှတ်ဉာဏ်စွမ်းရည် ကျဆင်းလာတတ်ပါတယ်။

တတိယမြောက် အခက်အခဲကတော့ အချိန်စီမံခန့်ခွဲမှု အားနည်းခြင်း (Time Management Issues) ဖြစ်ပါတယ်။ ဖတ်ရမယ့် စာမျက်နှာတွေ အများကြီးကို ဘယ်ကနေ စတင်ရမှန်းမသိဘဲ အချိန်ဆွဲမိတာ ကြောင့် နောက်ဆုံးအချိန်ကျမှ ကမောက်ကမ ဖြစ်ပြီး အလျင်စလို ကျက်မှတ်ရတာမျိုးတွေ ဖြစ်လေ့ရှိပါတယ်။ စတုတ္ထအချက်ကတော့ အာရုံစူးစိုက်မှု လျော့နည်းချင်းဖြစ်ပြီး ဆိုရှယ်မီဒီယာ သုံးစွဲမိတာ ဒါမှမဟုတ် ပတ်ဝန်းကျင်က အနှောင့်အယှက်တွေကြောင့် စာကျက်ချိန်မှာ အာရုံမရဘဲ အချိန်ကုန်သွားတတ်ပါတယ်။ နောက်ဆုံးအချက်ကတော့ Physical Health Issues တွေပါ ။ စာမေးပွဲကိုပဲ အာရုံစိုက်လွန်းလို အစားအသောက် မမှန်တာ၊ ထိုင်ခုံမှာ အကြာကြီး ထိုင်စာကြည့်တာကြောင့် ဇက်ကြောတက်တာနဲ့ မျက်စိညောင်းတာတွေဖြစ်တက်လို သတိထား စေချင်ပါတယ်။ ဒီဟာနဲ့ပတ်သတ်ပီး ကျောင်းသား/ သူ တွေအတွက် စာမေးပွဲနည်းကာလမှာ ကျန်းမာရေးပတ်သတ်ပီး သတိထားရမဲ့အချက်တွေကို အတွေ့အကြုံရှိတဲ့ဆရာ၀န်တယောက်နဲ့ အမေးအဖြေ လေးစီစဉ်ပေးစေချင်ရင် "comment မှာ Medical Podcast for Students" လိုရေးခဲ့ပေးပါ #students #learning #health #lifestyle