ပထမဆုံးအနေနဲ့ သင်ခန်းစာအသစ်တစ်ခုကို မစတင်ခင်မှာ ယခင်သင်ယူခဲ့တဲ့ သင်ခန်းစာဟောင်းတွေကို ပြန်လည်နွှေးပေးဖို လိုအပ်ပါတယ်။ ဒါမှသာ သင်ခန်းစာအဟောင်းနဲ့ အသစ်ကြားမှာ ဆက်စပ်မှုတွေ ဖန်တီးနိုင်မှာဖြစ်ပြီး ဦးနှောက်ကလည်း အချက်အလက်တွေကို စနစ်တကျ လက်ခံရရှိမှာပါ။ ဒုတိယအချက်ကတော့ Spaced Repetition နည်းလမ်းကို အသုံးချဖို ဖြစ်ပါတယ်။ စာကို တစ်ထိုင်တည်း အတင်းကျက်မယ့်အစား အချိန်အပိုင်းအခြားအလိုက် (ဥပမာ - ၁ ရက်၊ ၃ ရက်၊ ၇ ရက် စသဖြင့်) ပုံမှန်ပြန်လည် ကြည့်ရှုပေးခြင်းက မှတ်ဉာဏ်ကို ပိုမိုခိုင်မာစေပါတယ်။
တတိယအချက်ကတော့ ကျွန်တော် အမြဲတမ်း တိုက်တွန်းလေ့ရှိတဲ့ Active Recall နည်းလမ်းပါပဲ။ စာအုပ်ကိုပဲ ပြန်ဖတ်နေမယ့်အစား စာအုပ်ပိတ်ပြီး ကိုယ့်ဘာသာ အမှတ်ရအောင် ကြိုးစားထုတ်ဖော်ရပါမယ်။ အသံထွက်ပြီး ပြန်ရှင်းပြတာမျိုး ဒါမှမဟုတ် စာရွက်ပေါ်မှာ ချရေးတာမျိုးက အလွန်ထိရောက်ပါတယ်။ ဒါ့အပြင် ကိုယ်တိုင်ရေးမှတ်ထားတဲ့ နေ့စဉ်သင်ခန်းစာတွေကို ပြန်လည်ဆန်းစစ်ဖို (Check daily lessons) လည်း မမေ့ပါနဲ့။ ကိုယ်တိုင်ရေးထားတဲ့ မှတ်စုတွေကို ပြန်ကြည့်တာက သူများရေးပေးတာကို ဖတ်တာထက် ပိုပြီး မှတ်မိလွယ်စေလို ဖြစ်ပါတယ်။
နောက်ဆုံးအချက်တွေအနေနဲ့ ဘာသာရပ်တစ်ခုချင်းစီအတွက် အနှစ်ချုပ်မှတ်စုတိုလေးတွေ (Short summary notes) ထားရှိသင့်ပါတယ်။ ဒါမှသာ စာမေးပွဲနီးတဲ့အခါ တစ်ချက်ကြည့်လိုက်ရုံနဲ့ ဘာတွေပါဝင်သလဲဆိုတာကို ချက်ချင်း သိရှိနိုင်မှာပါ။ အရေးကြီးတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေနဲ့ သဘောတရားတွေအတွက်တော့ Flashcards တွေကို အသုံးချပါ။ ဒီနေ့ခေတ်မှာ Flashcards တွေကို ကိုယ်တိုင်လုပ်စရာမလိုဘဲ အသင့်သုံးနိုင်တဲ့ ဝဘ်ဆိုဒ်တွေ အများကြီးရှိတာကြောင့် အချိန်မရွေး၊ နေရာမရွေး လေ့ကျင့်နိုင်ပါတယ်။ IGCSE exam preparation classes အကြောင်းအသေးစိတ် စုံစမ်းလိုပါက page messenger မှာအသေးစိတ်လာရောက်မေးမြန်းလိုရပါတယ် ။#igcse #exampreparation #notes #pastpapers #trphillips
