IGCSE LanThit logoIGCSE LanThit
← Exam Guides

IGCSE exam system မှာကျွန်တော် သဘောကျတဲ့အရာများ...

IGCSE စာမေးပွဲစနစ်ကို လေ့လာကြည့်တဲ့အခါ ကျွန်တော့်အနေနဲ့ သဘောကျမိတဲ့ အချက်တွေ အများကြီးရှိပါတယ်။ အဲဒီထဲကမှ အဓိက အနှစ်သက်ဆုံးအချက်ကတော့ ဘာသာရပ်ရွေးချယ်မှုမှာ ပေးထားတဲ့ လွတ်လပ်ခွင့် ပါပဲ။ မြန်မာနိုင်ငံက ရိုးရာပညာရေးစနစ်မှာလို လူတိုင်း သတ်မှတ်ထားတဲ့ ဘာသာရပ်တွေကိုပဲ မဖြစ်မနေ လိုက်ကျက်နေရတာမျိုးမဟုတ်ဘဲ ကိုယ်တကယ် ဝါသနာပါတဲ့၊ ကိုယ်တကယ်တော်တဲ့ ဘာသာရပ်တွေကို စိတ်ကြိုက်ရွေးချယ် သင်ယူနိုင်တာကြောင့် စာကျက်ရတာဟာ ဝန်ထုပ်ဝန်ပိုးတစ်ခုလို မဟုတ်ဘဲ ကိုယ့်ရဲ့ အနာဂတ်အတွက် တကယ့်ကို အဓိပ္ပာယ်ရှိတဲ့ ပြင်ဆင်မှုတစ်ခု ဖြစ်နေစေတယ်လို ကျွန်တော် မြင်ပါတယ်။

နောက်ထပ် ကျွန်တော် အလွန်သဘောကျတဲ့အချက်ကတော့ သူတိုရဲ့ မေးခွန်းပုံစံနဲ့ အကဲဖြတ်မှုစနစ် ပါ။ IGCSE ဟာ စာအုပ်ထဲက အချက်အလက်တွေကို အလွတ်ကျက်ပြီး ပြန်ရေးပြရတဲ့ (Rote Learning) စနစ်ထက်စာရင် ကိုယ်နားလည်ထားတဲ့ Concept တွေကို လက်တွေ့ပြဿနာတွေမှာ ဘယ်လို အသုံးချမလဲဆိုတာကို ပိုပြီး ဦးစားပေး စစ်ဆေးပါတယ်။ ဒါက ကျောင်းသားတစ်ယောက်ရဲ့ ဝေဖန်ပိုင်းခြားနိုင်စွမ်း (Critical Thinking) ကို တကယ့်ကို တိုးတက်စေပါတယ်။ ဒါ့အပြင် Core နဲ့ Extended ဆိုပြီး အဆင့်နှစ်မျိုး ခွဲထားတာကြောင့် ကျောင်းသားတစ်ယောက်ချင်းစီရဲ့ သင်ယူနိုင်စွမ်းအလိုက် ကိုယ်နဲ့ကိုက်ညီမယ့် အဆင့်ကို ရွေးချယ်ဖြေဆိုခွင့် ပေးထားတာကလည်း မျှတပြီး ထိရောက်တဲ့ စနစ်တစ်ခုလို ကျွန်တော် ယူဆပါတယ်။ Oct/Nov 2026 , M/J 2027 IGCSE exam preparation classes အကြောင်းအသေးစိတ် စုံစမ်းလိုပါက page messenger မှာအသေးစိတ်လာရောက်မေးမြန်းလိုရပါတယ် ။ #igcse #learning #studytips #trphillips #education