IGCSE LanThit logoIGCSE LanThit
← News & Updates

IGCSE မှာ ဒါတွေ ကြောင့်မလို့ အမှတ်လျှော့ကြတာ။

IGCSE မှာ ဒါတွေ ကြောင့်မလို့ အမှတ်လျှော့ကြတာ။

ကျွန်တော် သင်ကြားပေးခဲ့ဖူးတဲ့ IGCSE ကျောင်းသား/သူတွေကို လေ့လာကြည့်တဲ့အခါ အမှတ်လျော့ရတဲ့အကြောင်းရင်းက စာမကြိုးစားလို့၊ Past Paper မလုပ်လို့ဆိုတာတစ်ခုတည်း မဟုတ်ပါဘူး။ တချို့ကျောင်းသားတွေက စာတွေကို ကောင်းကောင်းမှတ်မိပေမဲ့ မေးခွန်းကို မှားဖတ်လို့ အမှတ်လျော့တယ်။ တချို့က မေးခွန်းကို နားလည်ပေမဲ့ အဖြေကို Examiner လိုချင်တဲ့ပုံစံအတိုင်း မရေးတတ်လို့ အမှတ်မရကြဘူး။ တကယ်တော့ IGCSE Exam မှာ အမှတ်ဆုံးရှုံးစေတဲ့ အဓိကအကြောင်းရင်း ၁၀ ခုရှိပါတယ်။

၁။ Knowledge Gap — သင်ခန်းစာအကြောင်းအရာကို မသိခြင်း

ဒီအချက်က အခြေခံအကျဆုံးပါ။ မေးခွန်းမေးလာတဲ့အခါ သက်ဆိုင်ရာ Theory, Definition, Formula ဒါမှမဟုတ် Concept ကို မသိလို့ အဖြေမရေးနိုင်တာမျိုး ဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ Past Paper တွေ ထပ်လုပ်နေရုံနဲ့ မလုံလောက်ပါဘူး။ အရင်ဆုံး သက်ဆိုင်ရာ Topic ကို ပြန်လည်လေ့လာဖို့ လိုပါတယ်။

၂။ Weak Topic Understanding — Topic ကို အပေါ်ယံပဲ နားလည်ခြင်း တချို့ကျောင်းသားတွေက သင်ခန်းစာကို ဖတ်ပြီးသား၊ ဆရာရှင်းပြတာကိုလည်း နားလည်တယ်လို့ ထင်ကြပေမဲ့ မေးခွန်းပုံစံပြောင်းသွားတာနဲ့ မဖြေနိုင်တော့ပါဘူး။ ဒါဟာ Topic ကို အပေါ်ယံနားလည်ထားပြီး Concept ကို တကယ်နားမလည်သေးလို့ပါ။ ကိုယ်နားလည်တယ်လို့ ထင်တာနဲ့ ကိုယ်တိုင်မေးခွန်းဖြေနိုင်တာက မတူပါဘူး။

၃။ Command Word Confusion — မေးခွန်းမှာ ခိုင်းထားတဲ့အရာကို မသိခြင်း

IGCSE မှာ State, Describe, Explain, Compare, Evaluate, Calculate စတဲ့ Command Words တွေက အရမ်းအရေးကြီးပါတယ်။ ဥပမာ Explain လို့မေးထားတာကို State ပုံစံနဲ့ပဲ ဖြေလိုက်ရင် အဖြေမှန်နေရင်တောင် လိုအပ်တဲ့အမှတ်အပြည့် မရနိုင်ပါဘူး။ မေးခွန်းက ဘာကိုခိုင်းထားလဲဆိုတာ အရင်ဆုံး ခွဲခြားတတ်ဖို့ လိုပါတယ်။

၄။ Question Interpretation Error — မေးခွန်းကို မှားယွင်းနားလည်ခြင်း မေးခွန်းကို ဖတ်ပြီး အဓိပ္ပာယ်တစ်မျိုးနဲ့ နားလည်သွားတာ၊ မေးခွန်းထဲက အရေးကြီးတဲ့အချက်တွေကို သတိမထားမိတာမျိုးပါ။ တချို့က မေးထားတဲ့အကြောင်းအရာတစ်ခုလုံးကို မဖြေဘဲ ကိုယ်သိထားတဲ့အကြောင်းအရာကိုပဲ ရေးနေတတ်ကြပါတယ်။ အဖြေမှန်တယ်လို့ ထင်ပေမဲ့ မေးခွန်းနဲ့ မကိုက်ညီရင် အမှတ်ဆုံးရှုံးနိုင်ပါတယ်။

၅။ Application Gap — သင်ထားတဲ့ Theory ကို လက်တွေ့မအသုံးချနိုင်ခြင်း စာအုပ်ထဲက Theory ကို မှတ်မိတယ်။ Definition တွေလည်း သိတယ်။ ဒါပေမဲ့ Scenario-based Question ဒါမှမဟုတ် unfamiliar question တွေမှာ အဲဒီအချက်အလက်တွေကို ဘယ်လိုအသုံးချရမလဲ မသိတော့ပါဘူး။ အထူးသဖြင့် Business, Biology, Chemistry နဲ့ Physics တို့မှာ Application Skill က အရေးကြီးပါတယ်။

၆။ Answer Structure and Logic — အဖြေကို စနစ်တကျ မရေးတတ်ခြင်း ကိုယ်သိထားတဲ့အချက်အလက်တွေ အများကြီးရှိပေမဲ့ အဖြေထဲမှာ ဘယ်အချက်ကို အရင်ရေးရမလဲ၊ ဘယ်လိုဆက်စပ်ရေးရမလဲ မသိတာမျိုးပါ။ အဖြေတွေက အစီအစဉ်မကျဘဲ အတွေးတွေ ရောထွေးနေတတ်ပါတယ်။ အထူးသဖြင့် Explain, Discuss နဲ့ Evaluate မေးခွန်းတွေမှာ Logical Structure ရှိဖို့ လိုပါတယ်။

၇။ Missing Keywords, Details or Precision — လိုအပ်တဲ့ Keyword နဲ့ အသေးစိတ်အချက်တွေ မပါခြင်း

အဖြေကို အကြမ်းဖျင်းမှန်အောင် ရေးနိုင်ပေမဲ့ Mark Scheme မှာပါတဲ့ အရေးကြီးတဲ့ Keyword တွေ၊ သီးခြားအသေးစိတ်အချက်တွေ မပါလို့ အမှတ်လျော့တာမျိုးပါ။ IGCSE မှာ ကိုယ်ဆိုလိုချင်တဲ့အဓိပ္ပာယ်ကို Examiner က ခန့်မှန်းနားလည်ပေးမယ်လို့ မယူဆသင့်ပါဘူး။ တိကျတဲ့ စကားလုံးနဲ့ ရှင်းလင်းတဲ့ အဖြေကို ရေးတတ်ဖို့ လိုပါတယ်။

၈။ Subject-Specific Skill or Method Gap — ဘာသာရပ်အလိုက် ဖြေဆိုနည်းနဲ့ နည်းလမ်း မကျွမ်းကျင်ခြင်း

ဘာသာရပ်တစ်ခုနဲ့တစ်ခု ဖြေဆိုနည်း မတူပါဘူး။ Mathematics မှာ Working Out မပြည့်စုံတာ၊ Physics မှာ Formula နဲ့ Unit မှားတာ၊ Chemistry မှာ Chemical Equation မညီတာ၊ Biology မှာ Scientific Terminology မမှန်တာတွေကြောင့် အမှတ်ဆုံးရှုံးနိုင်ပါတယ်။ ဒီအမှားတွေကို ပြင်ဖို့ဆိုရင် ဘာသာရပ်တစ်ခုချင်းစီရဲ့ Exam Technique ကို သီးသန့်လေ့ကျင့်ဖို့ လိုပါတယ်။

၉။ Time Management Problem — အချိန်ကို စနစ်တကျ မခွဲဝေနိုင်ခြင်း

စာမေးပွဲခန်းထဲမှာ မေးခွန်းတစ်ပုဒ်တည်းကို အချိန်အများကြီးပေးမိတာ၊ မေးခွန်းခက်တာနဲ့ အချိန်ကုန်သွားတာ၊ နောက်ဆုံးမေးခွန်းတွေ မဖြေလိုက်ရတာမျိုး ဖြစ်ပါတယ်။ အဖြေသိပေမဲ့ အချိန်မလုံလောက်လို့ အမှတ်ဆုံးရှုံးတာဟာလည်း ပြင်ဆင်လို့ရတဲ့ အမှားတစ်ခုပါ။

၁၀။ Careless Mistakes and Exam Technique — သတိမထားမိတဲ့ အမှားလေးတွေ တွက်ချက်မှုမှာ Sign မှားတာ၊ Decimal Point မှားတာ၊ Unit မထည့်တာ၊ Graph မှာ Label မတပ်တာ၊ အဖြေပြန်မစစ်တာ စတဲ့ အမှားသေးသေးလေးတွေကြောင့် ရနိုင်တဲ့အမှတ်တွေ ဆုံးရှုံးတတ်ပါတယ်။ ကိုယ်တကယ်သိတဲ့မေးခွန်းကိုတောင် သတိမထားမိလို့ မှားဖြေလိုက်တာမျိုးပါ။

ဒါဆို IGCSE ကျောင်းသား/သူတွေ အခုကစပြီး ဘာလုပ်သင့်လဲ။

ပထမဆုံးအနေနဲ့ ကိုယ့်ဘာလိုအပ်ချက်ရှိလဲဆိုကို ဒီ website မှာ အရင် ကိုယ့်ဘာသားကို assess လုပ်ကြည့်ပါ ။ https://igcselanthitmm.com/diagnostic ကျွန်တော် အကြံပေးချင်တာက Past Paper တစ်စုံပြီးတိုင်း ရမှတ်ကိုပဲ ကြည့်ပြီး ကျေနပ်နေတာမျိုး မလုပ်ပါနဲ့။ မှားခဲ့တဲ့မေးခွန်းတိုင်းကို ဘာကြောင့်မှားခဲ့တာလဲဆိုတာ ခွဲခြမ်းစိတ်ဖြာပါ။

ကိုယ်မှားတဲ့အဖြေတစ်ခုချင်းစီကို အထက်က အကြောင်းရင်း ၁၀ ခုထဲက ဘယ်အမျိုးအစားကြောင့် မှားခဲ့တာလဲဆိုတာ သတ်မှတ်ကြည့်ပါ။ Knowledge Gap ကြောင့်လား၊ Command Word မသိလို့လား၊ Application မလုပ်နိုင်လို့လား၊ ဒါမှမဟုတ် Careless Mistake ကြောင့်လားဆိုတာ သိအောင်လုပ်ပါ။ ဒီလိုလုပ်မှ ကိုယ့်ရဲ့ Weakness ကို တိတိကျကျ သိလာပြီး နောက်တစ်ကြိမ်မှာ အဲဒီအမှားမျိုး ထပ်မလုပ်မိအောင် ပြင်ဆင်နိုင်မှာပါ။

သူများတွေပြောသလို Past Paper များများလုပ်တာထက် ကိုယ့်အမှားကို မှန်မှန်ကန်ကန် ရှာဖွေပြီး ပြင်ဆင်နိုင်တာက ပိုအရေးကြီးပါတယ်။

IGCSE မှာ အမှတ်တက်ဖို့ဆိုတာ စာတွေကို ပိုပြီးကျက်မှတ်နေရုံနဲ့ မပြီးပါဘူး။ ကိုယ်ဘယ်နေရာမှာ အမှတ်ဆုံးရှုံးနေတယ်ဆိုတာ သိဖို့၊ အဲဒီအမှားကို ပြင်ဖို့နဲ့ Exam Technique ကို စနစ်တကျ လေ့ကျင့်ဖို့ လိုပါတယ်။

Tr Phillips Founder - IGCSE LAN Thit