တကမ္ဘာလုံးမှာ IGCSE နဲ့ study resources နဲ့ပတ်သတ်ရင် အစုံဆုံးက www.igcselanthitmm.com ပါ။
ကျွန်တော် IGCSE နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေ၊ Knowledge တွေ၊ Resource တွေကို အခမဲ့တင်ပေးပြီး မျှဝေပေးနေတဲ့ အကြောင်းပြချက်က တစ်ခုတည်းပါ။
IGCSE ဖြေမယ့်ကလေးတိုင်းကို ကျွန်တော်ထက် ပိုတော်တဲ့သူတွေ ဖြစ်လာစေချင်လို့ပါ။
ကျွန်တော် စာစသင်ခဲ့တဲ့အချိန်တုန်းက မသိခဲ့တာတွေ၊ ရှာဖွေရခက်ခဲ့တာတွေ၊ ကိုယ်တိုင်အချိန်ပေးပြီး လေ့လာခဲ့ရတာတွေ အများကြီးရှိပါတယ်။
အဲ့ဒီအရာတွေကို နောက်ကလေးတွေက ကျွန်တော်တို့ထက် ပိုလွယ်လွယ်ကူကူနဲ့ သိရှိနိုင်စေချင်တယ်။
Resource ကောင်းကောင်းမရလို့၊ ဘာကိုဘယ်လိုလေ့လာရမလဲ မသိလို့၊ လမ်းညွှန်ပေးမယ့်သူမရှိလို့ အမှတ်ကောင်းကောင်းမရတာမျိုး မဖြစ်စေချင်ပါဘူး။
ဒါကြောင့် ကျွန်တော်သိထားသမျှ၊ အသုံးဝင်မယ့် Resource တွေ၊ Exam Tips တွေ၊ Revision နည်းလမ်းတွေကို တတ်နိုင်သလောက် အခမဲ့မျှဝေပေးနေပါတယ်။
တစ်နေ့ကျရင် ဒီကနေ လေ့လာခဲ့တဲ့ကလေးတွေက “ဘာသာစုံ A A* တွေထွက်တယ်” ဆိုရင် အဲ့ဒါက ကျွန်တော့်အတွက် အကြီးမားဆုံး အောင်မြင်မှုတစ်ခုပါပဲ။
