ကိုယ့်ရဲ့ တိုးတက်မှုကို စနစ်တကျ မှတ်တမ်းတင်ဖို (Record your progress) ပါပဲ။ စာမေးပွဲမှာ ခဏခဏမေးလေ့ရှိတဲ့ မေးခွန်းတွေ၊ ထူးဆန်းတဲ့ မေးခွန်းတွေနဲ့ ကိုယ်မှားတတ်တဲ့ အချက်တွေကို အမျိုးအစားခွဲပြီး သီးသန့် မှတ်သားထားသင့်ပါတယ်။ ဒါမှသာ စာမေးပွဲနီးတဲ့အခါမှာ အချိန်မကုန်ဘဲ လိုအပ်တဲ့နေရာတွေကိုပဲ ထိထိရောက်ရောက် ပြန်ကြည့်နိုင်မှာပါ။ နောက်တစ်ချက်ကတော့ ကိုယ်ရပြီးသား၊ နားလည်ပြီးသား မေးခွန်းတွေကိုပဲ ထပ်ခါတလဲလဲ လုပ်မနေဖို (Don't repeat what you have already got) ပါ။ ဒါဟာ အချိန်ကုန်စေရုံတင်မကဘဲ ကိုယ်မရသေးတဲ့ အပိုင်းတွေကို လျစ်လျူရှုမိစေပြီး ယုံကြည်မှုအမှားတွေ (False confidence) ကို ဖြစ်ပေါ်စေနိုင်ပါတယ်။
ပညာသင်ကြားတဲ့နေရာမှာလည်း ဆရာတွေအပေါ်မှာပဲ ၁၀၀ ရာခိုင်နှုန်း အားကိုးနေလို မဖြစ်ပါဘူး (Don't rely 100% on your teachers )။ ဆရာတွေမှာ သင်ပြရတဲ့ ကျောင်းသားတွေ အများကြီးရှိတာကြောင့် တစ်ဦးချင်းစီအတွက် လမ်းညွှန်မှု လိုအပ်ချက်တွေ ရှိနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ဘာသာကိုယ်လည်း တက်ကြွစွာ လေ့လာဖို လိုအပ်ပါတယ်။ နောက်ဆုံးအနေနဲ့ Cambridge က ထုတ်ဝေထားတဲ့ Learner Guide, Specifications, Examiner Report နဲ့ Example Candidate Response တွေကို အကျိုးရှိရှိ အသုံးချပါ။ ဒီအရင်းအမြစ်တွေက စာမေးပွဲမှာ ဘာတွေမေးမှာလဲ၊ ဘယ်လိုဖြေရင် အမှတ်ရမလဲဆိုတာကို အတိအကျ လမ်းပြပေးနိုင်ပါတယ်။ တကယ်လို ဒါတွေက ဘာလဲဆိုတာ မသိသေးရင်လည်း www.trphillipcenter.com မှာ အမြန်ဆုံး ရှာဖွေလေ့လာထားဖို ကျွန်တော် အကြံပြုချင်ပါတယ်။ IGCSE exam preparation classes အကြောင်းအသေးစိတ် စုံစမ်းလိုပါက page messenger မှာအသေးစိတ်လာရောက်မေးမြန်းလိုရပါတယ် ။ #igcse #exampreparation #pastpapers #trphillips
