IGCSE LanThit logoIGCSE LanThit
← Study Tips

မသိတာကိုမေးဖို့ မရှက်ပါနဲ့

လူ့လောကမှာ မွေးကတည်းက အကုန်သိလာတဲ့သူဆိုတာ မရှိပါဘူး။ ဒါပေမဲ့ ကျွန်တော်တိုထဲက တချိုဟာ "မသိတာကို မေးလိုက်ရင် လူအထင်သေးခံရမလား" ဒါမှမဟုတ် "အူကြောင်ကြောင်နိုင်တယ်လို အထင်ခံရမလား" ဆိုတဲ့ စိုးရိမ်စိတ်ကြောင့် တိတ်တိတ်လေး ကြိတ်မှိတ်ပြီး ရုန်းကန်တတ်ကြပါတယ်။။ တကယ်တော့ မေးခွန်းမေးတာဟာ သင်ယူလိုစိတ် ဘယ်လောက်ပြင်းပြသလဲဆိုတာကို ပြသရာရောက်ပါတယ်။ ဆရာ၊ ဆရာမတွေရဲ့ ရည်ရွယ်ချက်ကလည်း တပည့်တွေကို အသိပညာ မျှဝေပေးဖိုပဲဖြစ်လို အခုလို တက်တက်ကြွကြွ မေးမြန်းတာကို မြင်ရင် သူတိုက ပိုတောင် ဝမ်းသာအားရ ဖြစ်တတ်ကြပါသေးတယ်။ဒါ့အပြင် မသိတာကို ဖုံးကွယ်ထားတာဟာ ရေရှည်မှာ ကိုယ့်အတွက် ဗဟုသုတတွေ လစ်ဟင်းသွားစေနိုင်ပါတယ်။ ဒါကြောင့် ခေတ္တခဏ ရှက်စိတ်ကို ဘေးဖယ်ထားပြီး ရဲရဲဝံ့ဝံ့ မေးမြန်းတတ်တဲ့ အလေ့အကျင့်ကသာ ကိုယ့်ရဲ့ အရည်အသွေးကို သိသိသာသာ တိုးတက်စေမှာပါ။ #learning #study #IGCSE #trphillips