IGCSE LanThit logoIGCSE LanThit
← Study Tips

စာလုပ်တဲ့အခါ အာရုံစိုက်မရဖြစ်နေလား?

စာမေးပွဲနီးလာလိုပဲဖြစ်ဖြစ်၊ ပုံမှန်စာကြည့်တဲ့အခါမှာပဲဖြစ်ဖြစ် အာရုံစူးစိုက်ရခက်နေတာဟာ ကျောင်းသားတိုင်း ကြုံတွေ့ရလေ့ရှိတဲ့ ပြဿနာတစ်ခုပါ။ ဒါကြောင့် စာကျက်တဲ့အခါ အာရုံစိုက်မှုကို အနှောင့်အယှက်ဖြစ်စေတဲ့ အချက်တွေနဲ့ ဒါကို ဘယ်လိုကျော်ဖြတ်မလဲဆိုတဲ့ နည်းလမ်းတွေကို အပိုင်း ၅ ပိုင်းနဲ့ ဝေမျှပေးလိုက်ပါတယ်။

၁။ (Mindset) စာကျက်တာကို "ပင်ပန်းရုန်းကန်ရတဲ့ အလုပ်တစ်ခု" လို မြင်နေသရွေ့ အာရုံစိုက်ဖို ခက်နေဦးမှာပါ။ ဒါကြောင့် စာကျက်ခြင်းကို "ကိုယ်နှစ်သက်တဲ့ အရာတစ်ခု" အဖြစ် စိတ်ထဲမှာ ပြောင်းလဲသတ်မှတ်ကြည့်ပါ။ "စာကျက်ရတာကို ဘယ်လိုလုပ် ပျော်စရာကောင်းအောင် လုပ်ရမလဲ" လို မေးစရာရှိပါတယ်။ နည်းလမ်းကတော့ မိမိအမှန်တကယ် ဝါသနာပါတဲ့ အလုပ်တွေကြားထဲမှာ စာကျက်ချိန်ကို ညှပ်ထည့်လိုက်တာမျိုး (Study in between activities) ပါ။ နောက်တစ်ချက်ကတော့ ရည်ရွယ်ချက်မဲ့ မဟုတ်ဘဲ "ငါဒါကို သင်ယူပြီးရင် ဘာတွေလုပ်နိုင်သွားမလဲ" ဆိုတဲ့ ရည်ရွယ်ချက် (Purpose) တစ်ခုခု ထားရှိခြင်းက ပိုပြီး အာရုံစိုက်နိုင်စေပါတယ်။

၂။ (Techniques) Deadline သတ်မှတ်ခြင်းနဲ့ ဆုလာဘ်ပေးခြင်း (Reward System) ဟာ အလွန်ထိရောက်ပါတယ်။ စာကြည့်ခုံမှာ ထိုင်လိုက်တာနဲ့ Timer ပေးထားတဲ့ အကျင့်လုပ်ပါ။ ဒါဟာ အချိန်ဆွဲတာကို လျှော့ချပေးပြီး အလုပ်ကို မြန်မြန်ပြီးစေပါတယ်။ အရေးကြီးဆုံးကတော့ စာကျက်ပြီးသွားရင် ကိုယ်နှစ်သက်တဲ့ K-drama တစ်ပိုင်းကြည့်တာ၊ Anime ကြည့်တာ ဒါမှမဟုတ် ဗီဒီယိုကြည့်တာမျိုးနဲ့ ကိုယ့်ကိုယ်ကိုယ် ဆုချပါ။ အဲဒီဆုလာဘ်က စောင့်ကြိုနေမှန်း သိတဲ့အတွက် စာကျက်တဲ့အချိန်မှာ ပိုပြီး အာရုံစူးစိုက်နိုင်လာပါလိမ့်မယ်။

၃။ (Environment) စာကျက်တဲ့နေရာဟာ တိတ်ဆိတ်ပြီး သန့်ရှင်းသပ်ရပ်နေဖို လိုသလို၊ အလင်းရောင်လည်း လုံလောက်စွာ ရရှိဖို လိုပါတယ်။ ရှုပ်ပွနေတဲ့ ပတ်ဝန်းကျင်ဟာ စိတ်ကို လိုက်ပြီး ရှုပ်ထွေးစေတတ်ပါတယ်။ ဒါ့အပြင် အာရုံလွှင့်စေမယ့် (Bad Distractions) အရာတွေကို ဖယ်ရှားထားခြင်းက စိတ်ငြိမ်ငြိမ်နဲ့ စာကြည့်နိုင်ဖို အလွန်အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။

၄။ (Human Factor) ခန္ဓာကိုယ် ကျန်းမာရေး၊ စိတ်ပျော်ရွှင်မှုနဲ့ လန်းဆန်းမှုဟာလည်း အဓိကကျပါတယ်။ နေမကောင်းဖြစ်နေရင် ဒါမှမဟုတ် စိတ်ပင်ပန်းနေရင် ဘယ်လိုမှ အာရုံစိုက်လို မရနိုင်ပါဘူး။ ဒါကြောင့် စာမကျက်ခင်မှာ ကိုယ့်ကိုယ်ကိုယ် လန်းဆန်းနေအောင် အရင်ဆုံး ပြင်ဆင်ထားဖို လိုအပ်ပါတယ်။

၅။ (Motivation vs Discipline) Motivation (လှုဆော်မှု) ဆိုတာ ခဏတာပဲဖြစ်ပြီး ရေရှည်အတွက် လိုအပ်တာကတော့ Discipline (စည်းကမ်း) နဲ့ Consistency (အဆက်မပြတ် လုပ်ဆောင်မှု) ပါ။ အမြဲတမ်း တစ်ယောက်ယောက်က တွန်းအားပေးမှ လုပ်တတ်တဲ့သူဆိုရင်တော့ မနက်စောစော အတန်းတက်တာမျိုး ဒါမှမဟုတ် ကိုယ်ဘာတွေလုပ်နေလဲဆိုတာကို စစ်ဆေးပေးမယ့်သူရှိတဲ့ အချိန်ဇယား (Schedule) မျိုးတွေ ဖန်တီးပြီး ကိုယ့်ကိုယ်ကိုယ် စည်းကမ်းရှိလာအောင် လေ့ကျင့်ယူရပါမယ်။ IGCSE exam preparation classes အကြောင်းအသေးစိတ် စုံစမ်းလိုပါက page messenger မှာအသေးစိတ်လာရောက်မေးမြန်းလိုရပါတယ် ။ #trphillips #exampreparation #pastpapers #studytips