ပထမဦးဆုံးအနေနဲ့ Past Paper ဖြေဆိုတဲ့အခါမှာ တကယ့်စာမေးပွဲစစ်သလိုမျိုး တိတ်ဆိတ်တဲ့နေရာကို ရွေးချယ်ပြီး အချိန်တိတိကျကျ သတ်မှတ်ဖြေဆိုသင့်ပါတယ်။ ဒါမှသာ စာမေးပွဲခန်းထဲက ဖိအားကို ကျင့်သားရလာမှာ ဖြစ်ပါတယ်။ ဖြေဆိုပြီးတဲ့အခါမှာလည်း Marking Scheme ကို အသုံးပြုပြီး ကိုယ့်ရဲ့အဖြေတွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးဖို လိုပါတယ်။ ဒီနေရာမှာ အမှတ်ရဖိုထက် ကိုယ့်ရဲ့ အားနည်းချက်ကို ရှာဖွေဖိုက ပိုအရေးကြီးတာကြောင့် အဖြေခိုးကြည့်တာမျိုးမလုပ်ဘဲ ကိုယ့်ကိုယ်ကိုယ် အမြဲတမ်း ရိုးသားဖို လိုအပ်ပါတယ်။
ဒါ့အပြင် ကျောင်းသားအများစု မေ့လျော့နေတတ်တဲ့ Examiner Report ကိုလည်း မဖြစ်မနေ ဖတ်ရှုသင့်ပါတယ်။ အဲဒီ report တွေက တခြားကျောင်းသားတွေ ဘယ်လိုအမှားမျိုးတွေ လုပ်တတ်သလဲဆိုတာနဲ့ စစ်ဆေးသူတွေက ဘယ်လိုအဖြေမျိုးကို အမှတ်ပေးချင်သလဲဆိုတာကို အတိအကျ ဖော်ပြပေးနိုင်လို ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ Learner Guide ထဲမှာပါတဲ့ Checklist တွေကို ပြန်လည်စစ်ဆေးပြီး ကိုယ်မကျွမ်းကျင်သေးတဲ့ အပိုင်းတွေကို ပြန်လည်ဖြည့်ဆည်းရပါမယ်။ နောက်ဆုံးအနေနဲ့ ကိုယ်ဖြေဆိုသမျှ ရမှတ်တွေကို စနစ်တကျ record လုပ်ထားပီး အချိန်နဲ့အမျှ ကိုယ်ဘယ်လောက် တိုးတက်လာသလဲဆိုတာကို comparison လုပ်ကြည့်ပါ ။ IGCSE exam preparation classes အကြောင်းအသေးစိတ် စုံစမ်းလိုပါက page messenger မှာအသေးစိတ်လာရောက်မေးမြန်းလိုရပါတယ် ။ #igcse #pastpapers #exampreparation #trphillips
