IGCSE LanThit logoIGCSE LanThit
← Exam Guides

IGCSE students တွေအတွက် revision ပြန်နည်းအသေးစိတ် Part - 1

IGCSE Final Exam အတွက် (Revision) လုပ်တဲ့အခါ စာကျက်တာထက် ပိုပြီးစနစ်ကျဖို လိုအပ်ပါတယ်။ ထိရောက်တဲ့ Revision ဖြစ်စေဖိုအတွက် ပထမဦးဆုံးအနေနဲ့ မိမိကိုယ်တိုင်ထုတ်ထားတဲ့ မှတ်စုတွေနဲ့ အနှစ်ချုပ် (Own Notes & Summaries) တွေကိုပဲ အဓိကထားပြီး ပြန်လည်ကြည့်ရှုသင့်ပါတယ်။ သူများဆီက ကူးထားတဲ့မှတ်စုထက် ကိုယ်တိုင်နားလည်သလို အနှစ်ထုတ်ထားတဲ့ အရင်းအမြစ်တွေက ဦးနှောက်ထဲမှာ ပိုပြီး စွဲထင်စေလို ဖြစ်ပါတယ်။ တကယ်လို ကိုယ်ပိုင်မှတ်စုတွေ မရှိသေးဘူးဆိုရင်တော့ အခုကတည်းက စတင်ပြီး စနစ်တကျ ပြင်ဆင်ထားဖို လိုအပ်ပါတယ်။

ဒုတိယအချက်အနေနဲ့ ကိုယ်အားနည်းတဲ့ အပိုင်းတွေကို ပိုပြီး အာရုံစိုက်ရပါမယ်။ အားနည်းတဲ့ နေရာတွေကို နားလည်ရုံတင်မကဘဲ လိုအပ်ရင် အလွတ်ရအောင်ပါ ကျက်မှတ်ထားသင့်ပါတယ်။ လေ့လာနေရင်းနဲ့ ကိုယ့်အတွက် ခက်ခဲနေတဲ့ Topic တွေကို သီးသန့်စာရွက်တစ်ရွက်မှာ မှတ်သားထားပြီး အဲဒီအပိုင်းတွေကို ပိုပြီး အချိန်ပေး လေ့ကျင့်ပါ။ တစ်ချိန်တည်းမှာပဲ သင်ခန်းစာတွေ အားလုံးပြီးမှ မေးခွန်းဟောင်းတွေ လုပ်မယ်လို မတွေးပါနဲ့။ သင်ခန်းစာတစ်ခု ပြီးသွားတာနဲ့ အဲဒီအခန်းနဲ့ ဆက်စပ်တဲ့ Topical Questions တွေကို ချက်ချင်း စတင်လေ့ကျင့်ပါ။ ဒါ့အပြင် Learner Guides နဲ့ Examiner Reports တွေကို အသေးစိတ် ဖတ်ရှုပြီး စစ်ဆေးသူတွေက ဘယ်လိုအဖြေမျိုးကို အမှတ်ပေးချင်သလဲဆိုတာကိုပါ နက်နက်ရှိင်းရှိင်း လေ့လာထားရပါမယ်။

နောက်ဆုံးအချက်ကတော့ ကိုယ့်ကိုယ်ကိုယ် ပြန်လည်စစ်ဆေးဖို ပါပဲ။ ကျောင်းကစစ်တဲ့ စာမေးပွဲတွေကိုပဲ စောင့်မနေဘဲ AI ကို အသုံးပြုပြီး မေးခွန်းထုတ်ခိုင်းတာ ဒါမှမဟုတ် Flashcards တွေ သုံးပြီး ကိုယ့်ဘာသာ ပြန်မေးကြည့်တာမျိုးတွေ လုပ်ပါ။ ဒီလို Active Recall နည်းလမ်းတွေကို သုံးပြီး ကိုယ့်ရဲ့ တိုးတက်မှုကို အမြဲတမ်း ဆန်းစစ်နေခြင်းကသာ စာမေးပွဲမှာ ယုံကြည်မှုရှိရှိနဲ့ အမှတ်ကောင်းကောင်း ရရှိစေမယ့် သော့ချက်ဖြစ်ပါတယ်။ #igcse #revision #pastpapers #practice #trphillips