IGCSE LanThit logoIGCSE LanThit
← Exam Guides

IGCSE exam မတိုင်ခင် ရက်၃၀အလိုမှာ ဒီလိုပြင်ဆင်ထားပါ

IGCSE စာမေးပွဲဖြေဆိုဖို ရက် ၃၀ ပဲ လိုတော့တဲ့အချိန်ဟာ တကယ့်ကို အဆုံးအဖြတ်ပေးတဲ့ ကာလတစ်ခုဖြစ်လို ဒီအချိန်မှာ စနစ်တကျ ပြင်ဆင်နိုင်ဖို ကျွန်တော် အကြံပြုချင်တဲ့ အချက်လေးတွေ ရှိပါတယ်။ ပထမဆုံးအနေနဲ့ ကိုယ်ခက်ခဲတယ်လို ထင်ရတဲ့ ဘာသာရပ်တွေ အားလုံးကို ရောနှောပြီး ကိုယ့်ကိုယ်ကိုယ် ပြန်လည်စစ်ဆေးဖို လိုပါတယ်။ ဘာသာရပ်တစ်ခုတည်းကိုပဲ တစ်နေကုန် ကျက်နေမယ့်အစား ခက်ခဲတဲ့ topic တွေကို တစ်လှည့်စီ ရောနှောလေ့ကျင့်တာက စာမေးပွဲခန်းထဲမှာ မေးခွန်းအမျိုးမျိုးကို ရင်ဆိုင်တဲ့အခါ ဦးနှောက်ကို ပိုပြီး အဆင်သင့်ဖြစ်နေစေပါတယ်။

ဒီအချိန်မှာ အကုန်လုံးကို အစကနေ ပြန်ဖတ်နေဖို အချိန်မရှိတော့တဲ့အတွက် ကိုယ်အားနည်းတဲ့ အခန်းတွေ (Weak chapters)၊ ခက်ခဲတဲ့ မေးခွန်းတွေနဲ့ စာမေးပွဲမှာ ခဏခဏ မေးလေ့ရှိတဲ့ (Frequently asked questions) တွေကိုပဲ အဓိကထားပြီး အာရုံစိုက်သင့်ပါတယ်။ အဲဒီလို လေ့လာတဲ့နေရာမှာ အပတ်စဉ် ဇယား (Weekly schedule) တစ်ခု တိတိကျကျရှိဖိုက အလွန်အရေးကြီးပါတယ်။ အချိန်ဇယားရှိမှသာ ဘာသာရပ်တွေ မကျန်ခဲ့အောင် ထိန်းညှိနိုင်မှာဖြစ်သလို ကိုယ့်ရဲ့ တိုးတက်မှုကိုလည်း နေ့တိုင်း ပြန်လည်ဆန်းစစ် (Check progress every day) သွားဖို လိုပါတယ်။ ဒီလို စနစ်တကျနဲ့ နောက်ဆုံးရက်တွေကို အကျိုးရှိရှိ အသုံးချမယ်ဆိုရင်တော့ စိတ်ကျေနပ်စရာကောင်းတဲ့ ရလဒ်ကို ပိုင်ဆိုင်နိုင်မှာ သေချာပါတယ်။ IGCSE exam preparation classes အကြောင်းအသေးစိတ် စုံစမ်းလိုပါက page messenger မှာအသေးစိတ်လာရောက်မေးမြန်းလိုရပါတယ် ။ #igcse #exampreparation #studytips #trphillips