စာမေးပွဲနီးကပ်လာတဲ့အချိန်မှာ ပထမဆုံးအနေနဲ့ ကိုယ့်ရဲ့ လက်ရှိအခြေအနေကို အမှန်အတိုင်း သိရှိဖို လိုအပ်ပါတယ်။ ဘယ်ဘာသာရပ်မှာ ကိုယ်က ကျွမ်းကျင်နေပြီလဲ၊ ဘယ်အပိုင်းတွေမှာတော့ လိုအပ်ချက်ရှိနေသေးလဲဆိုတာကို သေချာဆန်းစစ်မှသာ ကျန်ရှိတဲ့အချိန်ကို အထိရောက်ဆုံး စီမံခန့်ခွဲနိုင်မှာ ဖြစ်ပါတယ်။ ဒုတိယအချက်အနေနဲ့ (Revision) နဲ့ လေ့ကျင့်ခန်းလုပ်ခြင်း (Practice) ကြားမှာ မျှတအောင် ထိန်းညှိဖို လိုပါတယ်။ သင်ခန်းစာရဲ့ သဘောတရားကို သေချာနားမလည်ရင် လေ့ကျင့်ခန်းလုပ်ဖို ခက်ခဲနိုင်တာကြောင့် Revision ကို ပိုပြီး ဦးစားပေးသင့်ပေမဲ့ နေ့စဉ်မပြတ် လေ့ကျင့်ခန်းလုပ်တဲ့ အလေ့အကျင့်ကိုလည်း တစ်ပါတည်း လုပ်ဆောင်သွားရပါမယ်။
မှတ်စုထုတ်တဲ့နေရာမှာလည်း ရင်းမြစ်မျိုးစုံကနေ လေ့လာတာ ကောင်းမွန်ပေမဲ့ အဲဒီအချက်အလက်တွေကို မိမိရဲ့ ကိုယ်ပိုင်နားလည်မှုနဲ့ ကိုယ်ပိုင်မှတ်စုအဖြစ် ပြန်လည်ဖန်တီးဖို ကျွန်တော် အမြဲတိုက်တွန်းလေ့ ရှိပါတယ်။ ဒါမှသာ စာမေးပွဲခန်းထဲမှာ ကိုယ့်ရဲ့ အတွေးအခေါ်တွေကို အကောင်းဆုံး ဖော်ပြနိုင်မှာ ဖြစ်ပါတယ်။ နောက်ဆုံးတစ်ချက်ကတော့ မေးခွန်းဟောင်း (Past Papers) တွေကို ဇွတ်အတင်း အကုန်လုံး လိုက်လုပ်နေဖို မလိုအပ်ပါဘူး။ ကိုယ်သိပြီးသား အဖြေတွေပါတဲ့ မေးခွန်းတွေကိုပဲ ထပ်ခါတလဲလဲ လုပ်နေတာဟာ အချိန်ကုန်စေနိုင်တာကြောင့် ကိုယ်အားနည်းတဲ့ အပိုင်းတွေ၊ အမေးများတဲ့ မေးခွန်းတွေနဲ့ ကိုယ်သီးသန့် မှတ်သားထားတဲ့ ထူးဆန်းတဲ့ မေးခွန်းပုံစံမျိုးတွေကိုပဲ ပိုပြီး အာရုံစိုက် လေ့ကျင့်သင့်ပါတယ်။ #trphillips #igcse ##exampreparation #notes #pastpapers
