IGCSE Final Exam အတွက် (Revision) လုပ်ရာမှာ အသုံးဝင်မယ့် ကျန်ရှိနေတဲ့ အချက်လေးတွေကို ဆက်လက်ဖော်ပြပေးလိုက်ပါတယ်။
၅။ (Review your mistakes) ကိုယ်တိုင်ဖြေဆိုထားတဲ့ Test တွေက အမှားတွေကို အမြဲတမ်း ပြန်လည်ကြည့်ရှုပြီး မှတ်သားထားဖို လိုပါတယ်။ အမှားကို အမှားမှန်း သိရုံနဲ့တင်မပြီးဘဲ ဘာကြောင့်မှားတယ်ဆိုတာကို သေချာနားလည်အောင် လုပ်ရပါမယ်။ တကယ်လို ပုစ္ဆာတစ်ပုဒ်ကို ထပ်ခါတလဲလဲ မှားနေတယ် ဒါမှမဟုတ် အဖြေထုတ်ရခက်နေတယ်ဆိုရင် အဲဒီ Topic ကို အစကနေ ပြန်လည်လေ့လာဖို လိုအပ်ပါတယ်။ ဒါဟာ သင်အဲဒီသင်ခန်းစာကို နက်နက်ရှိင်းရှိင်း နားမလည်သေးဘူးဆိုတဲ့ လက္ခဏာဖြစ်လို အခြေခံကို ပြန်လည်ခိုင်မာအောင် လုပ်ဆောင်သင့်ပါတယ်။
၆။ (Mark down difficult questions) လေ့ကျင့်နေစဉ်အတွင်းမှာ ကြုံတွေ့ရတဲ့ ခက်ခဲတဲ့မေးခွန်းတွေကို ခက်ခဲမှုအဆင့်အလိုက် အမျိုးအစားခွဲခြားပြီး သီးသန့်မှတ်သားထားသင့်ပါတယ်။ အဲဒီမေးခွန်းတွေကို သီးသန့် စုစည်းသိမ်းဆည်းထားခြင်းအားဖြင့် စာမေးပွဲနီးကပ်လာတဲ့အခါမှာ အချိန်အများကြီးပေးစရာမလိုဘဲ ကိုယ်အားနည်းတဲ့၊ ခက်ခဲတဲ့ အပိုင်းတွေကိုပဲ ထိထိရောက်ရောက် ပြန်လည်အာရုံစိုက် လေ့ကျင့်နိုင်မှာ ဖြစ်ပါတယ်။
၇။ (Organize your work) မိမိလေ့လာထားတဲ့ သင်ခန်းစာတွေ၊ မှတ်စုတွေနဲ့ မေးခွန်းဟောင်းတွေကို ဘာသာရပ်အလိုက်၊ အမျိုးအစားအလိုက် စနစ်တကျ စုစည်းထားဖို လိုအပ်ပါတယ်။ အရာရာကို စနစ်တကျ ခွဲခြားထားမှသာ လိုအပ်တဲ့အချိန်မှာ အလွယ်တကူ ပြန်လည်ရှာဖွေ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒီလို စနစ်တကျရှိနေခြင်းက စာမေးပွဲနီးလာတဲ့အခါမှာ စိတ်ရှုပ်ထွေးမှုကို လျှော့ချပေးနိုင်သလို ပြန်လှန်လေ့လာတဲ့အခါမှာလည်း အချိန်ကို အများကြီး သက်သာစေပါတယ်။ ဒီနည်းလမ်းတွေကို အသုံးချပြီး စာမေးပွဲအတွက် အကောင်းဆုံး ပြင်ဆင်နိုင်ကြပါစေ။ IGCSE exam preparation classes အကြောင်းအသေးစိတ် စုံစမ်းလိုပါက page messenger မှာအသေးစိတ်လာရောက်မေးမြန်းလိုရပါတယ် ။ #igcse #trphillips #exampreparation #pastpapers #practice
