IGCSE LanThit logoIGCSE LanThit
← Study Tips

IGCSE exam နီးလာတာနဲ့အမျှ ယုံကြည်မှုပျောက်နေပြီလား?

Final Exam နီးလာတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပျောက်ဆုံးနေတာဟာ စိတ်ပျက်စရာ ကောင်းပေမဲ့ ဒါဟာ အကြောင်းမဲ့ ဖြစ်လာတာ မဟုတ်ပါဘူး။ ကျွန်တော့်အမြင်အရ ယုံကြည်မှု နည်းရတဲ့ အဓိက အကြောင်းရင်း ၄ ခုရှိပြီး အဲဒါတွေကို အခုချက်ချင်း ဘယ်လို ပြန်ပြင်ရမလဲဆိုတာ ပြောပြချင်ပါတယ်။

ပထမဆုံး အကြောင်းရင်းကတော့ တစ်နှစ်ပတ်လုံး သင်ခန်းစာတွေအပေါ် အာရုံစူးစိုက်မှု အားနည်းခဲ့ပြီး စနစ်တကျ ပြင်ဆင်မှု မရှိခဲ့တာ ကြောင့်ပါ။ ဒါကို ပြင်ဖိုအတွက် အတိတ်ကို စိတ်ပျက်မနေဘဲ အခုရှိနေတဲ့ အချိန်မှာ အရေးကြီးဆုံး topic တွေကို အရင်ဆုံး စာရင်းလုပ်ပြီး အာရုံစိုက် လေ့လာပါ။ ဒုတိယအချက်ကတော့ ပုံမှန် ပြန်မနွှေးမိတာ (Revision) ပါ။ သင်ခန်းစာတွေ တစ်ခုပြီးတစ်ခု တက်နေပေမဲ့ အရင်သင်ပြီးသားတွေကို ပြန်မကြည့်မိတဲ့အခါ စာမေးပွဲနီးမှ အကုန်မေ့နေသလို ခံစားရတတ်ပါတယ်။ ဒါကို ကျော်ဖြတ်ဖို အသစ်တွေချည်းပဲ ဆက်မသွားဘဲ တစ်ပတ်မှာ အနည်းဆုံး တစ်ရက်လောက်ကို အရင်သင်ခန်းစာဟောင်းတွေ ပြန်ကြည့်ဖို အချိန် သတ်မှတ်ပေးပါ။

တတိယအချက်အနေနဲ့ တချို topic တွေမှာ အခြေခံ နားလည်မှု အားနည်းနေတာ ကြောင့် ဖြစ်နိုင်ပါတယ်။ အကြောင်းရင်းတွေ အမျိုးမျိုးရှိနိုင်ပေမဲ့ နားမလည်တာကို အတင်း ကြိတ်မှိတ်ကျက်နေမယ့်အစား ဆရာတွေကို မေးတာ၊ YouTube က video တွေ ကြည့်တာ ဒါမှမဟုတ် AI ကို ရှင်းပြခိုင်းတာမျိုးလုပ်ပြီး သဘောတရားကို အရင်နားလည်အောင် လုပ်ပါ။ နောက်ဆုံးအချက်ကတော့ Past Papers တွေကို လုံလုံလောက်လောက် လေ့ကျင့်မှု မရှိတာ ပါ။ စာဖတ်ရုံနဲ့ ယုံကြည်မှု မရနိုင်ပါဘူး၊ လက်တွေ့ ဖြေကြည့်ဖို လိုပါတယ်။ အချိန်နဲ့ ကန့်သတ်ပြီး Past papers တွေကို အခုပဲ စတင်ဖြေဆိုကြည့်ပါ။ မေးခွန်းပုံစံတွေကို ရင်းနှီးသွားတဲ့အခါ ကြောက်စိတ်တွေ လျော့ပါးသွားပါလိမ့်မယ်။ အချိန်ရှိပါသေးတယ်၊ အခုချက်ချင်းပဲ ဒီအားနည်းချက်တွေကို တစ်ခုချင်းစီ စတင်ပြင်ဆင်လိုက်ပါ။ IGCSE exam preparation classes အကြောင်းအသေးစိတ် စုံစမ်းလိုပါက page messenger မှာအသေးစိတ်လာရောက်မေးမြန်းလိုရပါတယ် ။ #igcse #exampreparation #pastpapers #trphillips