IGCSE LanThit logoIGCSE LanThit
← Study Tips

Student တစ်ယောက်အနေနဲ့ AIကိုဘယ်ကစသင်သင့်လဲ?

AI နည်းပညာဟာ အခုအချိန်မှာ ကဏ္ဍတိုင်းကို လွှမ်းမိုးလာပြီဖြစ်လို ကျောင်းသားတစ်ယောက်အနေနဲ့ ဒီလှိင်းလုံးကြီးမှာ နောက်ကျမကျန်ခဲ့ဖို အရေးကြီးပါတယ်။ AI ကို စတင်လေ့လာတော့မယ်ဆိုရင် ပထမဆုံးအနေနဲ့ AI ရဲ့ အခြေခံသဘောတရား (Fundamental Concepts) တွေကို အရင်နားလည်အောင် လုပ်သင့်ပါတယ်။ AI ဆိုတာ ဘာလဲ၊ Generative AI က ဘယ်လိုအလုပ်လုပ်သလဲဆိုတာကို သိထားခြင်းက နည်းပညာကို ကြောက်ရွံမနေဘဲ ယုံကြည်မှုရှိရှိ အသုံးချနိုင်ဖို အထောက်အကူပြုပါတယ်။ ကနဦးမှာ Coding တွေအထိ သင်ဖိုမလိုသေးဘဲ AI ရဲ့ အလားအလာနဲ့ ကန့်သတ်ချက်တွေကို အရင်လေ့လာပါ။ ဒုတိယအဆင့်အနေနဲ့ Prompt Engineering (ခိုင်းစေတတ်တဲ့ အတတ်ပညာ) ကို လေ့လာဖို အကြံပြုချင်ပါတယ်။ ChatGPT ဒါမှမဟုတ် Gemini လို tool တွေကို မိမိလိုချင်တဲ့ အဖြေအတိအကျထွက်လာအောင် ဘယ်လိုမေးခွန်းမေးရမလဲ၊ ဘယ်လို Instruction ပေးရမလဲဆိုတာကို ကျွမ်းကျင်အောင် လေ့ကျင့်ပါ။ တတိယအချက်ကတော့ မိမိဘာသာရပ်နဲ့ သက်ဆိုင်တဲ့ AI Tools တွေကို စမ်းသပ်အသုံးပြုခြင်း ဖြစ်ပါတယ်။ ဥပမာ- သင်က စီးပွားရေးကျောင်းသားဆိုရင် Data တွေကို AI သုံးပြီး ဘယ်လို Analysis လုပ်မ ဒါမှမဟုတ် ပညာရေးနယ်ပယ်မှာဆိုရင် သင်ခန်းစာတွေကို AI သုံးပြီး ဘယ်လို ပိုမိုထိရောက်အောင် ပြင်ဆင်မလဲဆိုတာမျိုးကို လက်တွေ့နယ်ပယ်နဲ့ ချိတ်ဆက်လေ့လာပါ။ #learning #ai #study #studytips