IGCSE LanThit logoIGCSE LanThit
← Study Tips

Self-learning ကသင်တန်းတက်တာထက်ပိုအရေးကြီးတယ်

အခုလို အရာရာတိုင်း အရှိန်အဟုန်နဲ့ ပြောင်းလဲနေတဲ့ ခေတ်ကြီးထဲမှာ သင်တန်းတွေတက်ပြီး လေ့လာတာထက် Self-learning စွမ်းရည်ရှိဖိုက ပိုပြီးအရေးကြီးတယ်လို ကျွန်တော် ယုံကြည်ပါတယ်။ သင်တန်းတွေက ကျွန်တော်တိုကို အခြေခံ လမ်းစကို ဖော်ပြပေးနိုင်ပေမဲ့၊ တကယ်တမ်း နက်နက်ရှိင်းရှိင်း ကျွမ်းကျင်ဖိုဆိုတာကတော့ ကိုယ်တိုင်ရှာဖွေ လေ့လာမှုအပေါ်မှာပဲ အများကြီး မူတည်နေလိုပါ။ ကျွန်တော် ကိုယ်တိုင်လေ့လာတဲ့အခါမှာ ခံစားရတဲ့ အကြီးမားဆုံး အားသာချက်ကတော့ ကိုယ့်ရဲ့ သင်ယူမှုပုံစံကို ကိုယ်တိုင် စိတ်ကြိုက် ပုံဖော်နိုင်တာပါပဲ။ သင်တန်းတစ်ခုရဲ့ ပုံသေကားကျ သတ်မှတ်ချက်တွေနောက်ကို လိုက်နေမယ့်အစား ကိုယ်တကယ်လိုအပ်တဲ့ အစိတ်အပိုင်းကိုပဲ အာရုံစိုက် လေ့လာနိုင်တဲ့အတွက် အချိန်ကို ပိုပြီး ထိထိရောက်ရောက် အသုံးချနိုင်တယ်လို မြင်ပါတယ်။ ဒါ့အပြင် ကိုယ်တိုင်လေ့လာခြင်းက Learn how to learn ဆိုတဲ့ နည်းလမ်းကိုသိသွားစေပါတယ်။ အဖြေကို အဆင်သင့် မရဘဲ ကိုယ်တိုင် ရုန်းကန်ရှာဖွေရတဲ့အတွက် ပြဿနာဖြေရှင်းနိုင်စွမ်းတွေ ပိုပြီး တိုးတက်လာသလို၊ အဲဒီလို ရုန်းကန်ပြီး ရလာတဲ့ အသိပညာတွေကလည်း ဦးနှောက်ထဲမှာ ပိုပြီး ခိုင်ခိုင်မာမာ စွဲကျန်နေတတ်ပါတယ်။ အနှစ်ချုပ်ရရင်တော့ သင်တန်းဆိုတာက ကျွန်တော်တို သွားရမယ့်လမ်းကို ပြပေးတဲ့ မြေပုံတစ်ခုသာ ဖြစ်ပါတယ်။ အဲဒီလမ်းအတိုင်း တကယ် ခရီးနှင်ပြီး ပန်းတိုင်ရောက်အောင် သွားနိုင်ဖိုကတော့ ကိုယ်တိုင်လေ့လာလိုတဲ့ စိတ်ဓာတ်နဲ့ ကြိုးစားမှုအပေါ်မှာပဲ မူတည်ပါတယ်။ #learning #igcse #trphillips #studytips #knowledgesharing #education