IGCSE LanThit logoIGCSE LanThit
← Study Tips

သင်ခန်းစာအသစ်ကို ခေါင်းထဲမှာမှတ်မိအောင် ဘယ်လိုလေ့လာမလဲ? Part - 1

သင်ခန်းစာအသစ်တစ်ခုကို စတင်လေ့လာတော့မယ်ဆိုရင် ဘယ်လိုနည်းလမ်းတွေနဲ့ ထိထိရောက်ရောက် လေ့လာသင့်သလဲဆိုတဲ့ အချက်လေးတွေကို ကျွန်တော့်ရဲ့ အတွေ့အကြုံအရ မျှဝေပေးချင်ပါတယ်။ ပထမဦးဆုံးအနေနဲ့ သင်ခန်းစာကို အတန်းထဲမှာ မသင်ခင်ကတည်းက ကြိုတင်ဖတ်ရှုထားတဲ့ (Preview) အလေ့အကျင့်က အလွန်အရေးကြီးပါတယ်။ ဘာတွေသင်မယ်ဆိုတာကို အကြမ်းဖျင်း သိထားတဲ့အတွက် အတန်းထဲမှာ ဆရာရှင်းပြတာကို ပိုပြီး ရှင်းရှင်းလင်းလင်း နားလည်နိုင်သလို၊ အာရုံစူးစိုက်မှုနဲ့ မှတ်ဉာဏ်နှုန်းထားကိုလည်း သိသိသာသာ မြင့်တက်စေပါတယ်။

ဒုတိယအချက်ကတော့ မိမိသင်ယူမယ့်အရာနဲ့ ပတ်သက်ပြီး ရှင်းလင်းတဲ့ ရည်မှန်းချက် (Objective) ရှိဖို ဖြစ်ပါတယ်။ သင်ခန်းစာတစ်ခုပြီးရင် နောက်တစ်ခုက ဘာလာမလဲဆိုတာကို ကြိုတင်သိထားဖို လိုသလို၊ လေ့လာနေရင်းနဲ့ ခေါင်းထဲမှာ မေးခွန်းတွေ အများကြီး ထွက်ပေါ်လာတာဟာလည်း ကောင်းမွန်တဲ့ လက္ခဏာတစ်ခုပါပဲ။ အဲဒီမေးခွန်းတွေကို သေချာမှတ်သားထားပြီး ပြန်လည်မေးမြန်းခြင်းက သင်ယူမှုကို ပိုမိုနက်ရှိင်းစေပါတယ်။ တတိယအချက်အနေနဲ့ အသစ်သင်လိုက်တဲ့ အချက်အလက်တွေကို မိမိအရင်က သိထားပြီးသား ဗဟုသုတတွေနဲ့ အမြဲတမ်း ချိတ်ဆက်လေ့လာဖို (Activate prior knowledge) လိုပါတယ်။ အဲဒီလို ချိတ်ဆက်မှုမရှိရင် သင်ယူထားတဲ့အရာတွေကို မျှော်လင့်ထားတာထက် ပိုပြီး မြန်မြန်ဆန်ဆန် မေ့လျော့သွားတတ်လို ဖြစ်ပါတယ်။

နောက်ဆုံးတစ်ချက်ကတော့ သင်ယူလိုက်တဲ့ သင်ခန်းစာတွေကို အရိုးရှင်းဆုံးဖြစ်အောင် ပြန်လည်ခွဲခြမ်းစိတ်ဖြာဖို (Simplify) ပါပဲ။ ကိုယ်ရလာတဲ့ အသိပညာပုံကြီးကို အပိုင်းသေးသေးလေးတွေ ခွဲပြီး ပြန်လည်စဉ်းစားကြည့်လိုက်တဲ့အခါမှသာ ကိုယ်ဟာ ဒီဘာသာရပ်ကို တကယ်ပဲ နားလည်သွားပြီလားဆိုတာကို သေချာသိမြင်နိုင်မှာ ဖြစ်ပါတယ်။ exam preparation classes အကြောင်းအသေးစိတ် စုံစမ်းလိုပါက page messenger မှာအသေးစိတ်လာရောက်မေးမြန်းလိုရပါတယ် ။ #igcse #exampreparation #notes #studytips #trphillips