မြန်မာနိုင်ငံရဲ့ ပထမဆုံး IGCSE revision platform (သို့မဟုတ်) IGCSE လမ်းသစ်။
www.igcselanthitmm.com
ဒီplatform ကို ဘယ်လိုလုပ်ဖြစ်လဲလို့မေးရင် ကျွန်တော်ကိုယ်တိုင် IGCSE ကျောင်းသားတွေနဲ့ နှစ်တွေကြာအောင် consultation တွေလုပ် ၊ အကူအညီတွေပေးရင်း တွေ့လာရတဲ့ problem တစ်ခုကြောင့်ပါ။
ကျွန်တော်တို့ မြန်မာ က ကလေးတွေ ကြိုးစားကြပါတယ် ၊ ညဏ်လည်းအရမ်းကောင်းကြတယ်။ ဒါပေမယ့် Exam နီးလာတဲ့အချိန်မှာ “ဘာကိုအရင် revise လုပ်ရမလဲ?” “ဘယ် past paper တွေကို ဖြေရမလဲ?” “ကိုယ်က ဘယ် topic တွေမှာ အားနည်းနေလဲ?” “Answer ကို examiner ကြိုက်တဲ့ပုံစံနဲ့ ဘယ်လိုရေးရမလဲ?” ဆိုတဲ့ problem တွေ အများကြီးကြုံနေရတာကို တွေ့ခဲ့ရတယ်။ တိတိကျကျပြောရရင် လက်ရှိ ကျောင်းသား ပေါင်း ၂၀၀၀ ကျော် consultation လုပ်ပေးဖူးတဲ့အထဲက 80% လောက်ကို အဲ့ ပြသာနာကြုံနေကြရတာ။
အခုခေတ်က Resources မရှိတာမဟုတ်ဘူး။ YouTube ရှိတယ်၊ Notes တွေရှိတယ်၊ Past papers တွေရှိတယ်၊ Mark schemes တွေလည်းရှိတယ်။ learner guide, example candidate response, examiner report, mapping document,scheme of work အိုများလွန်းလို့ ရေးလို့တောင်ကုန်မှာမဟုတ်ဘူး။
ဒါပေမယ့် အားလုံးက တစ်နေရာတည်းမှာ မရှိဘူး။
ကျောင်းသားတစ်ယောက်အနေနဲ့ ကိုယ်လိုချင်တာကို ရှာရင်း အချိန်ကုန်တယ်။ ဘာကိုလုပ်ရမလဲ မသိဘဲ random revise လုပ်မိတယ်။ Past paper ဖြေပြီးတဲ့အခါလည်း ကိုယ့် weakness ကို သေချာမသိဘဲ paper တွေသာ ဆက်လုပ်ဖြစ်နေတာ တကယ် ဘယ်အရာကို improve လုပ်ရမလဲဆိုတာကို မသိဘဲဆက်ဖြေသွားတာမျိုးတွေ ဖြစ်နေတယ်။
Consultation မှာ လည်းအမြဲမေးဖြစ်တယ် “ဆရာ ပြောပြပေးနေတဲ့ လုပ်ပေးနေတဲ့ resources တွေကို သုံးဖြစ်ကြရဲ့လား” ဆိုတော့ သိတော့ သိတယ် ၊ ဒါပေမဲ့ သေချာ မသုံးဖြစ်ဖူးတဲ့ 🤣
ဒါနဲ့ဘဲ စဉ်းစားမိတာက
“ကျောင်းသားတွေကို resources တွေ ပို့ပေးမယ့်အစား၊ သူတို့ revision လုပ်တဲ့ process တစ်ခုလုံးကို ပိုလွယ်အောင်လုပ်ပေးရင်ရော?”
ဆိုတာပါ။
အဲ့ဒီ idea ကနေ IGCSE LanThit ကို စတင်ခဲ့တာပါ။
ကျွန်တော်တို့က Notes တွေစုထားတဲ့ website တစ်ခုလုပ်ချင်တာမဟုတ်ဘူး။
ကျောင်းသားတစ်ယောက် Exam မတိုင်ခင် ဘယ်လို revise လုပ်သင့်လဲဆိုတာကို system တစ်ခုအနေနဲ့ တည်ဆောက်ချင်တာပါ။
ကိုယ်မသိတဲ့အရာကို သိအောင်လုပ်မယ်။ Practice လုပ်မယ်။ ကိုယ့် weakness ကိုရှာမယ်။ ပြန်လေ့လာမယ်။ ပြီးရင် ထပ်ပြီး test လုပ်မယ်။
ဒီ process တစ်ခုလုံးကို တစ်နေရာတည်းမှာ ရနိုင်အောင် တည်ဆောက်ထားတာပါ။
ပြီးတော့ ကျွန်တော်တို့အတွက် အရေးကြီးဆုံးအရာတစ်ခုက—
ကျောင်းသားတွေကို ကျွန်တော်တို့ပြောတာပဲ သင်ယူစေချင်တာမဟုတ်ဘူး။ ကျွန်တော်ပြောတာဆိုရင် ကျွန်တော်ပြောတာဘဲ ရမယ်။
Highest mark in world/ Asia/ Myanmar ရခဲ့တဲ့သူတွေ ဘယ်လို revise လုပ်ခဲ့ကြလဲ၊ Past papers တွေကို ဘယ်လို approach လုပ်ခဲ့ကြလဲ၊ Exam questions တွေကို ဘယ်လိုစဉ်းစားပြီး ဖြေခဲ့ကြလဲဆိုတာကိုပါ ကျောင်းသားတွေဆီ ရောက်စေချင်ခဲ့တာပါ။
ဒါကြောင့် Highest Mark Achievers တွေရဲ့ revision videos တွေ၊ A* high achievers တွေရဲ့ past-paper walkthrough videos တွေကိုပါ ထည့်သွင်းတည်ဆောက်ခဲ့ပါတယ်။
Feature တစ်ခုချင်းစီကိုလည်း “ထည့်လို့ကောင်းလို့ ထည့်တာ” မဟုတ်ဘဲ—
“ဒီ feature က ကျောင်းသားတစ်ယောက်ရဲ့ ဘယ် problem ကို ဖြေရှင်းပေးမှာလဲ?”
ဆိုတာကို အမြဲစဉ်းစားပြီး တည်ဆောက်ခဲ့တာပါ။
အဆုံးမှာတော့ IGCSE LanThit က ကျွန်တော်တို့အတွက် website တစ်ခုထက်ပိုပါတယ်။
ကျွန်တော်တို့ နှစ်တွေကြာအောင် IGCSE ကျောင်းသားတွေနဲ့ အလုပ်လုပ်လာရင်း တွေ့ခဲ့ရတဲ့ problems တွေကို ဖြေရှင်းဖို့ ကြိုးစားထားတဲ့ platform တစ်ခုပါ။
ဒါကြောင့် IGCSE LanThit ကို လုပ်ဖြစ်ခဲ့တာပါ။
2026 Oct/Nov intake ကနေ စပီး အထာကျကျ IGCSE လေ့လာလို့ရသွားတာပေါ့
