IGCSE LanThit logoIGCSE LanThit
← Study Tips

Procrastinating

လူအတော်များများ အချိန်ဆွဲတတ်ကြတာဟာ ပျင်းလို့တင်မဟုတ်ဘဲ သူတိုနောက်မှာ အားကိုးစရာ ဒါမှမဟုတ် ဆင်ခြေပေးစရာ တစ်ခုခု ရှိနေလိုလည်း ဖြစ်နိုင်ပါတယ်။ ကိုယ့်နောက်မှာ ပံ့ပိုးပေးမယ့်သူရှိနေရင်၊ ဒါမှမဟုတ် အခြေအနေတစ်ခုက ကိုယ့်အတွက် သက်သောင့်သက်သာ ဖြစ်လွန်းနေရင် "နောက်မှလုပ်လည်း ရတာပဲ" ဆိုတဲ့ စိတ်က အလိုလို ဝင်လာတတ်ပါတယ်။ ဒီလို "အားကိုးရာ" (Backup) ရှိနေခြင်းကပဲ ကျွန်တော်တိုကို တိုးတက်ခွင့်မပေးဘဲ အချိန်ဆွဲဖို ဆင်ခြေတွေ ပေးမိစေတာပါ။

ဥပမာအားဖြင့် မိဘက ထောက်ပံ့ပေးနိုင်လို၊ ဒါမှမဟုတ် လက်ရှိအလုပ်က အဆင်ပြေနေလို ဆိုတဲ့ အတွေးမျိုးတွေဟာ "အခုချက်ချင်း မကြိုးစားလည်း ဖြစ်ပါတယ်" ဆိုတဲ့ ဆင်ခြေကို ခိုင်မာစေပါတယ်။ တကယ်တော့ အဲဒီ အားကိုးရာတွေဟာ ကိုယ့်ရဲ့ တီထွင်ဖန်တီးနိုင်စွမ်းနဲ့ ကြိုးစားအားထုတ်မှုကို ပိတ်ပင်ထားတဲ့ "လှောင်အိမ်" တွေ ဖြစ်နေတတ်ပါတယ်။ "ငါ့မှာ အချိန်ရှိသေးတာပဲ" ဒါမှမဟုတ် "တစ်ယောက်ယောက်ကတော့ ကူညီမှာပဲ" ဆိုတဲ့ အတွေးတွေက ကိုယ့်ရဲ့ တိုးတက်မှုကို တားဆီးနေတဲ့ အဆိပ်အတောက်တွေပါပဲ။

ဒီပြဿနာကို ကျော်လွှားဖိုဆိုရင် ကိုယ့်နောက်မှာ ဘာအားကိုးစရာမှ မရှိတော့ဘူးလို စိတ်ထဲမှာ သတ်မှတ်ပြီး (Sense of Urgency) မွေးမြူဖို လိုပါတယ်။ ကိုယ့်ရဲ့ အားကိုးရာဟာ ကိုယ့်ကို ပျင်းရိစေမယ့် ဆင်ခြေတစ်ခု မဖြစ်ပါစေနဲ့။ အဲဒီအစား အဲဒီထောက်ပံ့မှုတွေကို အရှိန်အဟုန်တစ်ခုအနေနဲ့ အသုံးချပြီး ပိုမိုမြန်ဆန်စွာ ကြိုးစားနိုင်မှသာ အချိန်ဆွဲခြင်းဆိုတဲ့ အကျင့်ဆိုးကနေ လွတ်မြောက်နိုင်မှာ ဖြစ်ပါတယ်။ IGCSE exam preparation classes အကြောင်းအသေးစိတ် စုံစမ်းလိုပါက page messenger မှာအသေးစိတ်လာရောက်မေးမြန်းလိုရပါတယ် #igcse #trphillips #producticity #knowledgesharing