IGCSE LanThit logoIGCSE LanThit
← Study Tips

စာရပေမယ့်အမှတ်မရဖြစ်နေရင် ဒီresourcesတွေကိုဖတ်ပါ..

IGCSE ဖြေဆိုမယ့် ကျောင်းသား/သူတွေကြားမှာ အဖြစ်အများဆုံး ပြဿနာတစ်ခုက "စာတော့ရတယ်၊ ဒါပေမဲ့ အမှတ်ကျတော့ ထွက်မလာဘူး" ဆိုတာပါပဲ။ သင်ခန်းစာတွေကို နားလည်ထားပေမဲ့ စာမေးပွဲဖြေဆိုတဲ့အခါ Marking Scheme နဲ့ ကိုက်ညီအောင် မဖြေဆိုနိုင်တာကြောင့် အမှတ်လျော့ရတတ်ပါတယ်။

ဒီပြဿနာကို ဖြေရှင်းဖို အကောင်းဆုံးနည်းလမ်းကတော့ EXEMPLARS WITH EXAMINER COMMENTARIESတွေကို သေချာလေ့လာဖို ဖြစ်ပါတယ်။

ဘာကြောင့် EXEMPLARS WITH EXAMINER COMMENTARIES ကို ဖတ်သင့်တာလဲ? EXEMPLARS WITH EXAMINER COMMENTARIES ဆိုတာ Edexcel ကနေ တရားဝင်ထုတ်ပြန်ပေးထားတဲ့ ကျောင်းသားတွေရဲ့ အဖြေလွှာ နမူနာတွေပဲ ဖြစ်ပါတယ်။ ဒီစာအုပ်တွေကို ဖတ်ခြင်းအားဖြင့် စာ စစ်သူ (Examiner) က ဘယ်လို အဖြေမျိုးကို အမှတ်အပြည့်ပေးပြီး၊ ဘယ်လိုအဖြေမျိုးကို အမှတ်လျှော့သလဲဆိုတာကို ရှင်းရှင်းလင်းလင်း သိနိုင်ပါတယ်။အမှတ်ပေးစည်းမျဉ်း (Marking Scheme) တွေကို လက်တွေ့အဖြေလွှာမှာ ဘယ်လို ထည့်သွင်းရေးသားရမလဲဆိုတာကို မြင်သာစေပါတယ်။ တခြားကျောင်းသားတွေ အမှားလုပ်လေ့ရှိတဲ့ အချက်တွေကို Examiner ရဲ့ Comment တွေနဲ့တကွ လေ့လာနိုင်တာကြောင့် ကိုယ်တိုင်ဖြေဆိုတဲ့အခါ အဲဒီအမှားမျိုး မဖြစ်အောင် ဆင်ခြင်နိုင်ပါတယ်။ အပြည့်ရတဲ့ ကျောင်းသားတွေက သူတိုရဲ့ အဖြေတွေကို ဘယ်လို စနစ်တကျ စီစဉ်ရေးသားသလဲဆိုတာကို အတုယူနိုင်ပါတယ်။

ဘာသာစုံ example candidate response ကို အောက်က telegram link ကနေ ယူနိုင်ပါတယ် ။

https://t.me/+QCX0bAh7oYsxNTVl IGCSE exam preparation classes တွေကို page messenger မှာစုံစမ်းနိုင်ပါတယ်။ #IGCSE #exampreparation #notes #resources